ဒီ software လေးကတော့ MMUG က ကိုသက်နိုင်စိုးရေးထားတဲ့ app လေးပါ။ ဘာတွေလုပ်ဆောင်ပေးနိုင်မလဲဆိုရင် ဖုန်းကို root လုပ်ခြင်း ၊ မြန်မာဖောင့်ထည့်ခြင်း ၊ မြန်မာကီးဘုတ်ထည့်ခြင်းများကို MMAS Root & Font Installer တစ်ခုထဲနဲ့တင် ဖုန်းကို root လုပ်နိုင် ၊ မြန်မာ Font ထည့်သွင်းနိုင် ၊ မြန်မာကီးဘုတ်ထည့်သွင်းနိုင်ပြီဖြစ်ပါတယ်။
အသုံးများတဲ့ Root Tool တွေဖြစ်တဲ့ vRoot,Baidu Root ဆော့ဝဲများ ၊ users ရဲ့ဖုန်းတွေကို error အနည်းဆုံးနဲ့ မြန်မာစာထည့်သွင်းပေးမယ့် Z.F.C Zawgyi Changer ၊ မြန်မာကီးဘုတ်အတွက်အကောင်းဆုံးကီးဘုတ်ဖြစ်တဲ့ Bagan Keyboard Pro တို့ကို MMAS Root & Font Installer ဆော့ဝဲထဲမှာတစ်ပါတည်းထည့်သွင်းပေးထားပါတယ်။
ဒါကြောင့် ဖုန်းကို root လုပ်ချင်သူ ၊ မြန်မာ Font ထည့်ချင်သူ ၊ မြန်မာကီးဘုတ်ထည့်ချင်သူတွေအနေနဲ့ MMAS Root & Font Installer ဆော့ဝဲကိုဖုန်းမှာသွင်းထားလိုက်ရင် အားလုံးပြည့်စုံသွားမှာဖြစ်ပါတယ်။ MMAS Root & Font Installer for Android ကို Android 4.0 နှင့်အထက်ဖုန်းတိုင်းမှာအသုံးပြုနိုင်ပါတယ်။
MMAS Root & Font Installer for Android ကို အောက်က link မှာရယူနိုင်ပါတယ်။
http://d-h.st/y14
အားလုံးပဲအဆင်ပြေကြပါစေ။
Posted by ဖိုးခွား