Friday, 17 January 2014

iPhone မှ Contacts များကို Android သို့ကူးယူနည်း (သို့) Android ဖုန်းမှ Contacts များကို iPhone သို့ကူးပြောင်းနည်း။

iPhone သုံးသူများနဲ့ Android ဖုန်းသုံးသူများအခက်တွေ့နေသော Contacts များဖုန်းတလုံးမှတလုံးကူးပြောင်း
မှုလေးကိုဒီနည်းလေးနဲ့ဖြေရှင်းနိုင်ပါပြီခင်ဗျာ။ ဒီနည်းလေးကတော့အရမ်းလွယ်လို့ပိုပြီးထိရောက်မယ်ထင်ပါ
တယ်။ ပထမဆုံး iPhone (iDevice) နှင့် Android ဖုန်းသုံးသူများသည် BUMP ဆိုသော Application လေးအား
Apple Store https://itunes.apple.com/us/app/bump/id305479724?mt=8    နှင့် Google Play Store https://play.google.com/store/apps/details?id=com.bumptech.bumpga&hl=en များတွင်အခမဲ့ဒေါင်းယူနိုင်ပါတယ်။ ဒေါင်းယူပြီးပါက Bump app ထဲဝင်ပြီး set up လုပ်ပါ။ မလုပ်ပဲskipလုပ်
လည်းရပါတယ်။ ပြီးရင် display ဘယ်ဘက်ကိုဆွဲပြီးနောက်စာမျက်နှာတွင်မိမိပို့ချင်သောဓါတ်ပုံများတခြား
သောဒေတာများကိုမြင်ရပါမည်။ ပြီးပါက Contacts များအားလုံးတွေ့ပါလိမ့်မည်။ အားလုံးရွေးပြီးပါကဖုန်း ၂
လုံးကိုကိုင်ပြီးလက် ၂ ဖက်ထိပ်ထိုက်ထိပေးလိုက်ပါကဒေတာများကူးပြောင်းနေတာကိုတွေ့ရပါလိမ့်မည်။
အားလုံးပြီးပါကမိမိ Contacts များတခြားဖုန်းအတွင်းသို့ရောက်နေသည်ကိုမြင်တွေ့ကြပါမည်ခင်ဗျာ။

နောက်တနည်းလေးပါ။ Android ဖုန်းကိုင်ဆောင်ထားသူများသည်မိမိသိမ်းဆည်းလိုသော Contacts များကို Google တွင်သာသိမ်းဆည်းပေးပါ။ ဘာကြောင့်လဲဆိုတော့ Android ဖုန်းတွေမှာ Google Account ကိုအခြေခံထားတော့သိမ်းဆည်းရတာအဆင်ပြေပါတယ်။ မိမိ contacts တွေအားလုံးကိုမိမိ
google account တွင်သိမ်းဆည်း(save)ပါ။ ပြီးပါက iDevice (iphone) ရဲ့ Setting>mail, contaces,
calenders နေ၇ာသို့ဝင်ပါ။ Add Account နှိပ်ပြီး Gmail ကိုရွေးပြီး မိမိ android ဖုန်းတွင်သုံးထားသော
gmail account ထည့်ပေးပါ။ ပုံတွင်ပြထားတာလေးတွေဖွင့်ထားလိုက်ပါ။ ဒါဆိုရပါပြီ။


ဒါကတော့ Facebook နဲ့ Twitter အတွက်ပါ။ ဖုန်း Setting ထဲမှာ Facebook နဲ့ Twitter လေးတွေ့ပါမယ်။
Facebook ထဲဝင်ပြီးမိမိသုံးနေသောအကောင့်ထည့်ပေးလိုက်ပါ။ ပြီးပါက update all contacts လုပ်လည်း
ရပါတယ်ခင်ဗျာ၊




Posted by Kyawthiha Phyo-RedSnow

Newer Post Older Post Home