Friday, 17 January 2014

Samsung Galaxy S2 Plus ကို CWM သွင်းပြီး Root ဖောက်မယ် ...

........ မသိသေးတဲ့သူများအတွက်သာ ရည်ရွယ်ပါတယ် .......
-  ဒီဖုန်းကို ဖေဖော်ဝါရီလ ၂၀၁၃ ခုနှစ်မှာ Released လုပ်ခဲ့တာပါ..ဗားရှင်းကတော့ Android 4.1.2 (Jelly Bean) ပဲဖြစ်ပါတယ်။

- ကဲ ဖုန်းကို CWM မသွင်းခင် USB Debugging ကို On ထားရပါမယ်။

လိုအပ်တဲ့ လက်နက်ကိရိယာတွေကတော့

၁။   ။ Odin3- V1.85.zip ကို            http://d-h.st/M14       ဒီကနေဒေါင်းပါ။
၂။   ။ CWM ကို                            http://d-h.st/Yjg        ဒီကနေဒေါင်းပါ။
၃။   ။ Root လုပ်မယ့်ဆော့ဖ်ဝဲလ်ကို   http://d-h.st/9WL           ဒီကနေဒေါင်းပါ။
၎။   ။ USB Driver မရှိရင် အောက်ကနေ ယူပါ။
http://droidviews.com/2012/android-usb-drivers-samsung-motorola-sony-lg-zte-htc-asus-huawei-acer/

ပြီးရင် Root လုပ်မယ့်ဆော့ဖ်ဝဲလ်ကို ဖုန်းရဲ့ SD card ထဲမှာ ထည့်ထားရမှာဖြစ်ပါတယ်။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် CWM စသွင်းပါမယ်

၁။   ။ ဖုန်းကို ပါဝါပိတ်ပြီး Download mode ထဲသွားပါမယ်  Volume Down + Home + Power ကို ၃စက္ကန့်လောက် တပြိုင်ထဲနှိပ်ပြီးဝင်ရပါမယ်။ တြိဂ့ပုံစံ သတိပေးတဲ့ စာမျက်နှာပေါ်လာရင် တွဲဖိထားတာကိုလွှတ်ပြီး Volume Up ကိုတစ်ချက်နှိပ်လိုက်ပါ..ဒါဆိုရင် Download mode ထဲရောက်သွားပါပြီ။

၂။  ။ Odin ကိုဖွင့်ပါမယ် ပြီးရင် ဖုန်းနဲ့ Odin ကို USB ကြိုးနဲ့ချိတ်လိုက်ပါ။ Odin ကဖုန်းကိုသိပြီဆိုရင် Added ဆိုပြီးအ၀ါရောင်ပြလာပါမယ်

၃။  ။ နောက်တစ်ခု သတိထားရမှာက Odin မှာ  F.Reset Time တစ်ခုတည်းကိုသာ အမှန်ခြစ် လုပ်ထားရပါမယ်။

၎။  ။ ပြီးရင် PDA ကိုနှိပ်ဝင်ပြီး tar.md5 ဖိုင်ကိုရှာပြီးရွေးပါ။

ပြီးသွားပြီဆိုရင် Start ကိုနှိပ်ပြီး PASS ဖြစ်သွားအောင်စောင့်ပါ ပြီးရင် USB ကြိုးကိုဖြုတ်လိုက်ပါ Odin ကိုထွက်လိုက်ပါ။ ဖုန်းနောက်က ကာဗာကိုဖြုတ် ဘထ္ထရီကို ဒီတိုင်းဆွဲဖြုတ်လိုက်ပါ။

စက္ကန့် ၃၀ လောက်ကြာရင် ဘထ္ထရီကိုနဂိုတိုင်းပြန်ထည့်လိုက်ပါ။ 
 
(အရေးကြီးတာကဖုန်းကိုဒီတိုင်းထားပါ.ပါဝါသွားမဖွင့်လိုက်ပါနဲ့)

ပြီးရင် Root လုပ်ဖို့အတွက် CWM ထဲဝင်ပါမယ် Volume Up + Home +Power ကိုတွဲနှိပ်ပြီး ၀င်ပါ။ ရောက်သွားရင် install zip from sdcard>> choose zip from sdcard ပြီးရင် UPDATE- SuperSu-v1.30.zip ကိုရွေးပါ။ Install complete ဖြစ်သွားရင် Back နဲ့နောက်ပြန်ဆုတ်ပြီး ထွက်ပါ ပြီးရင် Reboot system now ကိုနှိပ်လိုက်ပါ။ ဖုန်းပါဝါပြန်တက်လာရင် SuperSu ဆိုတဲ့ Superman Logo လေးပေါ်လာပါပြီ။ဒါဆို Root လုပ်ခြင်းအောင်မြင်သွားပါပြီ ။ 
 အောင်မြင်ပါစေ ........

Posted by ဖိုးခွား

Newer Post Home