Friday, 17 January 2014

မိမိဓာတ်ပုံတွေကို နောက်ခံသီချင်းလေးနဲ့ Slideshow လုပ်ကြည့်မယ်

မိမိဓာတ်ပုံတွေကို နောက်ခံသီချင်းလေးနဲ့ Slideshow လုပ်နည်းလေးမျှဝေပါမယ်။ ခုခေတ်မှာလူတိုင်းနည်းပါးလုပ်တတ်နေကြပါပြီ။ တခြားဆိုဒ်တွေမှာလဲ တော်တော်များများမျှဝေထားတာတွေ့ဖူးပါတယ် ဒါပေမယ့် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ tutorial လေးပါတင်ပေးတဲ့ဆိုဒ်က အတော်လေးနည်းနေတဲ့အတွက် ကျွန်တော်ဒီပို့စ်လေးကို တင်ဖို့ရည်ရွယ်လိုက်ရတာဖြစ်ပါတယ် ...အခုပထမဆုံးအနေနဲ့ ရိုရိုး slideshow တစ်ခုကိုအရင်လုပ်ပြပါမယ် ဒိထက်အရည်အသွေးကောင်းချင်တယ်ဆိုရင်တော့ အထဲမှာထပ်မွှေလိုက်ပါ။ လုပ်ရမယ့် software ကိုအောက်မှာဒေါင်းပါ ခင်ဗျာ ...

https://www.dropbox.com/s/hp8eg6x0xnof6rn/PhotoDVD.Slideshow.Pro.8.53.rar

အရင်ဆုံးဒေါင်းထားတဲ့ဖိုင်ထဲက dps install.exe ဆိုတာလေးကို Run ပြီးရင် အဆုံးထိ install လုပ်လိုက်ပါ။ ပြီးသွားပြီဆိုရင် Desktop ပေါ်မှာ short cut တစ်ခုတိုးပြီးပေါ်လာပါလိမ့်မယ်။ အဲ့ short cut လေးကို နှစ်ချက်ခေါက်ပြီးဖွင့်လိုက်ပါ ပြီးရင် အပေါ်နားလေးက Help ဆိုတာလေးကိုနှိပ်လိုက်ပါ။ Register ဆိုတာကိုသွားပါ။
Registration name နေရာမှာ Text ဖိုင်ထဲမှာပါတဲ့ Name နေရာက နာမည်ကိုထည့်ပေးပါ။
Registration key နေရာမှာလည်း အထဲမှာပါတဲ့ Serial ဆိုတဲ့ ၃၅လုံးပါတဲ့ထည့်ရိုက်လိုက်ပါ ပြီးရင် Activate လုပ်လိုက်ရုံပါပဲ ...
အပေါ်ကစာတန်းလေးဖြစ်သွားရင် Full version ဖြစ်သွားပါပြီ။ အဲ့ဒါက Full version ဖြစ်အောင်လုပ်နည်းကို ပြထားတာဖြစ်ပါတယ်။
ကဲ .. စလိုက်ကြရအောင်... အရင်ဆုံးမိမိအသုံးပြုမယ့် Photo DVD Slideshow Professional လေးကိုကလစ်နှစ်ချက်ခေါက်ပြီးတော့ ဖွင့်လိုက်ပါ။ အောက်ကပုံအတိုင်းပေါ်လာမယ်။
ဒီကောင်လေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ လုပ်ရတာလွယ်ကူပါတယ် .. ပထမဆုံးမိမိလုပ်မယ့် ဓာတ်ပုံ အယ်ဘမ်ကို Themes လေးနဲ့လုပ်ချင်တယ်ဆိုရင် အောက်မှာပြထားတဲ့ Album Themes ဆိုတဲ့နေရာကနေသွားလိုက်ပါ။ အဲ့ညာဘက်ဘေးမှာ Current Theme ဆိုတာလေးရှိပါတယ်. မိမိစိတ်ကြိုက်ဖြစ်မယ့် themes တွေကို ရွေးချယ် အသုံးပြုနိုင်ပါတယ်
ရွေးချယ်လိုက်ပြီဆိုရင် ဓာတ်ပုံတွေဟာ Themes ထဲမှာ လှလှပပလေးပေါ်လာမှာပါ။ ဒီအောက်မှာတော့ လုပ်ရမှာတွေကို ၁ ၂ ၃ ၄ဆိုပြီး နံပတ်တပ်ထားပေးပါတယ်
၁။ မိမိအသုံးပြုမယ့်ဓာတ်ပုံတွေကို Organize Photo ဆိုတာကိုနှိပ်ပြီးရွေးချယ်လိုက်ပါ။
၂။ သူကတော့ Album Photo ဆိုတာကိုနှိပ်ပြီးတော့ မိမိရွေးချယ်ထားတဲ့ပုံတွေကို Slideshow လုပ်ဖို့အတွက် ထပ်ရွေးချယ်ပေးရပါမယ်။
၃။ ခုနက ရွေးချယ်ထားတဲ့ပုံတွေကို + Add ဆိုတာကိုနှိပ်ပြီးတော့ နောက်ဆုံးရွေးပေးရပါမယ်။
၎။  Output Format ဆိုတာကတော့ slide လုပ်ပြီးတဲ့အခါ ဒီ video တွေကို မိမိကဘယ်နေရာမှာကြည့်ချင်တာလဲ ..? Android မှာလား iOS ဖုန်းတွေမှာလား DVD, VCD, Media player တွေမှာလားဆိုတာ မိမိအသုံးပြုမယ့် Device အပေါ်မူတည်ပြီးရွေးပေးရပါမယ် ။

အောက်မှာပြထားသလို မိမိကြိုက်ရာ Format နဲ့ အသုံးပြုနိုင်ပါတယ်
ဓာတ်ပုတွေကိုရွေးပြီးရင် နောက်ခံအသုံးပြုဖို့အတွက် သီချင်းရွေးပေးရပါမယ်။ သီချင်းရွေးဖို့အတွက်
Transition & music ကိုရွေးပေးပါ။ အောက်ကပုံအတိုင်း Add ကိုဆက်နှိပ်ပါ။

 မိမိအသုံးပြုမယ့် သီချင်းရပြီဆိုရင် Open ကိုနှိပ်ပြီးဆက်သွားလိုက်ပါ။ ဒီနေရာမှာ အသုံးပြုမယ့်သီချင်းနဲ့ မိမိရွေးထားတဲ့ဓာတ်ပုံတွေ အချိန်ကိုက်ညီမှုရှိမ၇ှိကိုလည်း တစ်ခါတည်းစစ်ဆေးပေးရပါမယ်။ သီချင်းကရှည်နေပြီးပုံတွေကနည်းနေရင် ထပ်ဖြည့်ပါ။ သီချင်းကတိုပြီး ပုံတွေကများနေရင်လဲ ပုံတွေကိုတစ်ခါတည်း ဖျက်ပစ်လို့ရပါတယ်။



သီချင်းရဲ့ကြာချိန် ဓာတ်ပုံတစ်ပုံကနေ တစ်ပုံကို ကူးပြောင်းမှုကြာချိန်တွေကို အပေါ်ကပြထားတဲ့ အနီရောင်လေးထောင့်ကွက်အထဲမှာ တစ်ခါတည်းဝင်ညှိလို့ရပါတယ်။ မောက်မှာတော့ မိမိလုပ်ထားတဲ့သီချင်းတွေနဲ့ဓာတ်ပုံတွေကို ကွန်ပြူတာထဲမှာပဲပြန်သိမ်းတော့မယ်။ ပုံမှာပြထားတဲ့အတိုင်း Burn to Disc ကိုနှိပ်လိုက်ပါ။

မိမိရွေးချယ်ထားတဲ့ output format ရဲ့ဘေးမှာ Creat Nowဆိုတာလေးပါပါတယ်။ နှိပ်လိုက်တာနဲ့
process စပါပြီခင်ဗျာ.. အောက်ကပုံလေးကတော့ မိမိရဲ့ Photo SlideShow ပြီးဆုံးသွားတာကို ပြထားတာပါ။
မိမိလုပ်ထားတဲ့ Slideshow Movie လေးကိုကြည့်ရှုချင်တယ်ဆိုရင် ကွန်ပြူတာရဲ့ My Document ထဲက
Photo Slide Show Creator ထဲမှာ သွားကြည့်လိုက်ပါ။ 
အဆင်ပြေ ပျော်ရွှင်ကြပါစေဗျာ ..

Posted By ဖိုးခွား
 




Newer Post Older Post Home